Skip to main content

ရခိုင်ပြည်နယ်၊ MSF ရုံးခန်းနှင့် ဆေးထားသိုရာနေရာမှာ ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများအတွင်းမီးလောင်ပျက်စီးခဲ့ခြင်

Myanmar destroyed

The burnt remains inside the Doctors Without Borders office in Buthidaung following increased conflict in the area. Rakhine state, Myanmar, 15 April 2024. ©MSF

၀န်ထမ်းများအနေဖြင့် ထိခိုက်မှုတစုံတရာမရှိခဲ့သော်လည်း ဆေးပစ္စည်းများနှင့် ရုံးသုံးပစ္စည်းများ အားလုံးပျက်စီးခဲ့ရသည်။ ထိုပစ္စည်းများထဲတွင် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် အဓိက ဖြစ်ပွားတတ်သည့် အဆုတ်ရောင်ရောဂါနှင့် ဖျားနာခြင်းများကို ကုသရာတွင် အရေးပါသည့် အသက်ကယ် ပဋိဇီဝဆေးများလည်း ပါဝင်သည်။ 

ပြီးခဲ့သည့် သောကြာနေ့မှစ၍ ဘူးသီးတောင်မြို့နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုများ မြင့်တက်လာနေချိန်တွင် MSF ရုံးခန်း ပျက်စီးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ကြားသိရသော အစီရင်ခံစာများအရ နေအိမ် (၂၀၀)ကျော် မီးလောင်ကျွမ်းခဲ့ပြီး ကျွန်ုပ်တို့၏ရုံးတည်ရှိရာနေရာနှင့် အနီးတစ်ဝိုက်နေရာများတွင် အကြမ်းဖက်မှုများကြောင့် ထောင်နှင့်ချီသော အိုးအိမ်စွန့်ခွာထွက်ပြေးလာသူများကို တွေ့မြင်နေရသည်။ 

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအရ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ အဆောက်အအုံများကို အကာအကွယ်ပေးရမည့် တာဝန်ဝတ္တရားကို လေးစားလိုက်နာရန် ပဋိပက္ခအတွင်း ပါ၀င်နေသောအဖွဲ့များအား ကျွန်ုပ်တို့ အနေဖြင့် တိုက်တွန်းပါသည်။ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ဆေးပစ္စည်းများပို့ဆောင်ရေးအတွက် လိုအပ်သော အတည်ပြုချက်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊  ကျွန်ုပ်တို့၏ဘူးသီးတောင်ရုံးရှိ ပျက်စီးသွားသည့် ထောက်ပံ့ပစ္စည်းများ ပြန်လည်ဖြည့်တင်းရေးအတွက် ကူညီဆောင်ရွက်ပေးရန်နှင့် ၂၀၂၃ခုနှစ်၊ နို၀င်ဘာလကတည်းက  ပြည်နယ်အတွင်း ပိတ်ပင်ထားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ပြည်လည် ဆောင်ရွက်နိုင်ရန် ကဲ့သို့ အရေးတကြီးလိုအပ်နေသည်များကို ထည့်သွင်းစဉ်းစားပေးရန် တိုက်တွန်းလိုပါသည်။ 

Myanmar destroyed

The burnt remains inside the Doctors Without Borders office in Buthidaung following increased conflict in the area. Rakhine state, Myanmar, 15 April 2024.©MSF

MSF အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ခွဲခြားမှုမရှိသော အကြမ်းဖက်မှုများ၊ ပြင်းထန်သော လူသားချင်းစာနာမှုဆိုင်ရာ ကန့်သတ်ချက်များ နှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တခုလုံးနီးပါး ဆုတ်ယုတ်သွားသည်ကို မျက်မြင်တွေ့ခဲ့သည်မှာ (၆)လနီးပါးရှိခဲ့ပြီဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ကြုံတွေ့နေရသော အကြမ်းဖက်မှုများနှင့် သက်ဆိုင်ရာ အာဏာပိုင်များထံမှ ခရီးသွားခွင့်ပြုချက် မရရှိခြင်းတို့ကြောင့် ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ဆေးဘက်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။ ဝေးလံသည့်ကျေးလက်ဒေသများတွင် နေထိုင်သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျွန်ုပ်တို့ဆေးခန်းများကိုသာ အမှီပြုနေရသူများအတွက် မရှိမဖြစ် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေသည့် ကျွန်ုပ်တို့၏ ရွေ့လျားဆေးခန်း (၂၅)ခုအား ဆက်လက်ဖွင့်လှစ်နိုင်ရန် အဆိုပါခွင့်ပြုချက်ကို လိုအပ်ပါသည်။ 

ရခိုင်ပြည်နယ်အတွင်း MSF မှ လစဉ်ကြည့်ရှုပေးနေသည့် ပြင်ပလူနာဆွေးနွေးမှုမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် (၆,၆၈၄)ကြိမ်မှ ၂၀၂၄ ခုနှစ်၊ မတ်လတွင် (၈၁)ကြိမ် အထိ ကျဆင်းခဲ့ပြီး ၎င်း လူနာကြည့်ရှုမှု (၈၁) ခုမှာ တယ်လီဖုန်းဖြင့်သာ ဆက်သွယ်ကုသပေးခဲ့ခြင်းဖြစ်ပြီး ကျွန်ုပ်တို့အနေဖြင့် လူနာများအား တိုက်ရိုက်ကြည့်ရှုပေးနိုင်ခြင်း မရှိတော့ပါ။ 

၂၀၂၃ ခုနှစ် နို၀င်ဘာလအစတွင် ကျွန်ုပ်တို့အနေဖြင့် ဆေးရုံတက်ရန်လိုအပ်သော ရောဂါပြင်းထန်သည့် လူနာများအတွက် အရေးပေါ်လွှဲပြောင်းမှု အချို့ကို အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ထိုသို့ဆောင်ရွက်ပေးရန် ပိုမိုခက်ခဲလာပါသည်။ သေဆုံးမှု ဖြစ်စဉ်များလည်းရှိခဲ့ပြီး အထူးသဖြင့် မီးဖွားမည့်မိခင်များ ဆေးရုံသို့မရောက်ရှိနိုင်သောကြောင့် ဖြစ်ပါသည်။ MSFအဖွဲ့အနေဖြင့် ကောက်ယူရရှိခဲ့သည့်မှတ်တမ်းများအရ ၂၀၂၃ ခုနှစ် နို၀င်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအတွင်း မိခင် သေဆုံးမှု (သို့) အသက်မဲ့ကလေးမွေးဖွားမှုကိစ္စများနှင့် ဆက်စပ်သည့် မှတ်တမ်း (၉)ခုရှိခဲ့ပါသည်။ 

ထပ်တိုးအနေဖြင့် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ရိုဟင်ဂျာကိုယ်၀န်ဆောင်အမျိုးသမီးတစ်ဦးအား စစ်တွေမြို့နယ်အတွင်းသို့ ၀င်ရောက်ခွင့်မပေးပဲ ကြိမ်နီပြင်စခန်း (ပေါက်တောမြို့နယ်အတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင်တည်ရှိသည်)သို့ ပြန်ရန် အတင်းအကျပ်စေခိုင်းခြင်းကြောင့် မိခင်ရောကလေးပါ သေဆုံးခဲ့ရပါသည်။ စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ခရီးဆက်ရန် စစ်တွေဆိပ်ခံတံတားသို့ ဝင်ရောက်ရန် လိုအပ်ပါသည်။ MSF မှ ဆောင်ရွက်နေသောအရေးပေါ်လွှဲပြောင်းပေးခြင်းသည် ရိုဟင်ဂျာများလွတ်လပ်စွာသွားလာနိုင်မှုအပေါ် ချမှတ်ထားသော ပြင်းထန်သည့်ကန့်သတ်ချက် ရှိနေသူများအတွက် မှီခိုအားထားနေရသော အသက်ကယ်၀န်ဆောင်မှုဖြစ်ပါသည်။ 

Myanmar destroyed

The burnt remains inside the Doctors Without Borders office in Buthidaung following increased conflict in the area. Rakhine state, Myanmar, 15 April 2024.©MSF

မတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်းတောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များရှိ ဆေးရုံများ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိတော့ပါ။ အဆိုပါဆေးရုံနှစ်ရုံသည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်  MSF မှ လူနာလွှဲပြောင်းမှု ဆောင်ရွက်နေသောနေရာများ ဖြစ်ပြီး  ၄င်းတို့ ပိတ်လိုက်ခြင်းကြောင့် နောက်ဆက်တွဲ ကိုယ်၀န်ဆောင်ပြဿနာရှိသူများအပါအ၀င် လူပေါင်းတစ်သန်းကျော်အနေဖြင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု နှင့် ဆေးရုံတက်ရန်လိုအပ်သော လူထုအတွက် သွားရောက်နိုင်မည့်နေရာ မရှိတော့ပါ။ ကျန်းမာရေးဌာနများကို အတင်းအကြပ်ပိတ်ခြင်း၊ ကျန်းမာရေးဌာနများကို ပစ်မှတ်ထားခြင်းနှင့် ကျန်းမာရေးဌာနများသို့ လူများဝင်ရောက်ခွင့်ကို ပိတ်ပင်ခြင်းသည် လက်ခံနိုင်စရာ မရှိပါ။ 

ရခိုင်ပြည်နယ်ရှိ လူထုအားလုံးသည် နှစ်ပေါင်းများစွာဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ၊ လူမှုစီးပွား စိန်ခေါ်မှုများနှင့် သွားလာလှုပ်ရှားမှု ကန့်သတ်ခြင်းများ၏ သက်ရောက်မှုများကို ဆိုးရွားစွာ ထိခိုက်ခံစားနေရပြီး ဖြစ်ပါသည်။ ၎င်းတို့အပါအဝင် တရား၀င်အခြေအနေမရှိခြင်း၊ ၎င်းတို့၏ လွတ်လပ်ခွင့်အပေါ် ကန့်သတ်ချုပ်ချယ်ထားခြင်းနှင့် ၄င်းတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် စိတ်ကူး၍ပင်မရသော  ရွေးချယ်မှုများကို ထိပ်တိုက်ရင်ဆိုင်နေရသည့် ရိုဟင်ဂျာလူထုအတွက်လည်း များစွာ စိုးရိမ်နေပါသည်။ 

Categories